Thursday, July 11, 2019

BLOG လုပ်နည်းလေးပါ

အွန်လိုင်းသုံနေကြသူ အများစုဟာ ကိုယ်တိုင် ကိုယ်ပိုင် ဘလော့လေးတစ်ခုတော့ ရှိသင့်ပါတယ်...
ဒီနေရာမှာ ဘလော့ဆိုတာ ဘာလဲ...
အလွယ်ပြောရရင် အင်တာနဲ့ စာမျက်နှာတစ်ခုပါပဲ...
facebook လိုနေရာမျိုးတွေမှာ post တွေ တင်ကြ ရေးကြတဲ့အခါ တစ်ရက်နှစ်ရက်လောက်ပဲ မြင်ရပြီးး ပျောက်သွားတတ်တယ်...
လိုချင်လို့ ပြန်ရှာတဲ့အခါမှာ အခက်ခဲတွေ တွေ့ရပါတယ်..
ဒီလိုမျိုးတွေမဖြစ်အောင် ကိုယ်ပိုင်ဘလော့လေးထောင်ပြီး ကိုယ်တိုင်ရေး ကိုယ်တိုင်တွေးး တခြားသူဟာတွေလည်း ကူးပြီး မိမိဘလော့လေးမှာ တင်ထားမယ်ဆိုရင် အခက်ခဲမရှိ အကျိုးများစေနိုင်ပါတယ်..
ကျနော်ဘလော့စတင်ရခြင်းရဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်...
နောက်ပိုင်းမှာ လေ့လာမှုနဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး Online Shopping တွေလုပ်နိုင်သလို.. ကြော်ငြာတွေထည့်ပြီး ဝင်ငွေရအောင်လည်း လုပ်ဆောင်နိုင်ပါတယ်...
ဘာတွေလိုအပ်လဲဆိုရင် ကိုယ်ပိုင် gmail အကောင့်တစ်ခု လိုပါတယ်..
ခုတော့ ဘလော့ တစ်ခု စတင်ကြရအောင်...



Computer Browser မှာ အပေါ်မဘားတန်းမှာ Blogger.com ဆိုပြီးရိုက်ထည့်ပြီး Create your blog ကိုနှိပ်ပါ
ဒီနေရာမှာ မိမိရဲ့ email ထည့်ပါ

ဘလော့ရဲ့ ခေါင်းစဉ်ထည့် (ကြိုက်တာထည့်ပါ ပြန်ပြောင်းလို့လွယ်ပါတယ်)
အပေါ်က စည်းကမ်းချက်တွေဖတ်ကြည့်ပိး မြားအတိုင်းနိပ်ပေးပါ
ဒီမှာလည်း ခေါင်းစဉ်ထည့်
အောက်အကြောင်းက ဘလော့ရဲ့လိပ်စာထည့်ပါ... သူများနဲ့မတူတဲ့လိပ်စာထည့်မှ ရပါတယ်..
blogspot.com ဆိုတဲ့စာကတော့ အမြဲပါနေလိမ့်မယ်.. (free -လုပ်လို့ပါနေတာပါ)
Domain name ဝယ်ပြီးသုံးရင် ဖြုတ်ချလို့ရပါတယ်..
ဒီမှာက ကိုယ့်ရဲ့နာမည်နဲ့ တခြား Blog & Website ရှိသေးလားဆိုတာ ရှာကြည့်ုနိုင်ပါတယ်..
မရှာဘူးဆိုရင်လည်း No Thank ကိုနိပ်ပြီးသွားနိုင်ပါတယ်..
သွားလိုက်ရင် ကိုယ်ပိုင် blog setting ထဲရောက်သွားပါမယ်..
ပြထားတဲ့ View Blog ဆိုတာနှိပ်ကြည့်ပါ..
မိမိနာမည်နဲ့ မိမိဘလော့လေး အင်တာနက်ရဲ့ စာမျက်နှာတစ်ခုအဖြစ် ပေါ်နေတာကို တွေ့ကြရမှာဖြစ်ပါတယ်...
                                   # CREDIT ပါ